|

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲ

တချိန်တုန်းက မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ (ကော့သောင်းမြို့ဆိုတာ ပင်လယ်ပြင်မှ သဲတွေကို စင်ကာပူကို ရောင်းနေတဲ့ မြို့ ပေါ့) အနီးတွင် ပါချန်မြစ်မှနေပြီး ထိုင်းနိုင်ငံ ချော်ဖော်မြို့ကို ဖြတ်ပြီး ပင်လယ်ကူး သင်္ဘောတွေသွားလို့ရအောင် ဖောက်ဖို့ စီစဉ်ခဲ့ဖူးကြောင်း ကြားဖူးပါတယ်။ နောက်ဆုံးတော့ စင်ကာပူနိုင်ငံက ကန့်ကွက်လို့ မလုပ်ဖြစ်ဘူးလို့ ကြားသိရတယ်။ စင်ကာပူနိုင်ငံကလဲ သူများရေပိုင်နက်ထဲ ပင်လယ်ပြင်မှာ ရေလမ်းဖောက်တာ လိုက်ပြီး ကန့်ကွက်နေတယ်။ ပင်လယ်ပြင်ပါ ကန်ထရိုက်ဆွဲထားတယ် ထင်တယ်။

မြန်မာပြည်မှာ ဒါမျိုး တ “ဦးပိုင်” ကန်ထရိုက်ဆွဲထားတယ် ဆိုတာရှိတယ်။ ဥပမာ… ပြရမယ်ဆိုရင် ကော့သောင်းမြို့မှာ ဂေါက်ကွင်းတကွင်းဆောက်ပေးမယ်၊ ပင်လယ်ပြင်ထွက်ငါး ဘယ်သူကိုမှ မရောင်းရဆိုတာမျိုး၊ နှစ်ပေါင်းများစွာ မသုံးဘဲ ထား ထားတဲ့ရေခဲစက်လိုမျိုး၊ ကျွန်တော် တဦးတည်းလုပ်မယ်၊ ပင်လယ်မှထွက်တဲ့ ပုဇွန်တွေကို ကျွန်တော့်ကိုပဲ ရောင်းရမယ်လို့ ဆိုတာမျိုးတွေ… မြန်မာနိုင်ငံမှာတော့ ရှိပါတယ်။ ကျွန်တော်တို့ရွာတွေမှာ ဘယ်မှာတော့ ၇- ၈ ရွာလောက်ကို ဝက်တွေ မည်သူ တစ်ဦးတစ်ယောက်မှ သတ်ပြီး မရောင်းရဆိုပြီး ရှိတယ်။

အကယ်၍ စင်ကာပူ နိုင်ငံက မကန့်ကွက်ခဲ့ရင် ထားဝယ်ရေနက်ဆိမ်ကမ်း ဖြစ်လာမယ်လို့ မထင်ဘူး။ အခုတော့ ဒီဖက်က ရေနက်ဆိပ်ကမ်းမှာကနေ ကုန်းလမ်းကတဆင့် ဟိုဖက်က ပင်လယ်ကို ဖြတ်ထွက်ကြရတော့မယ် ဖြစ်ပါတယ်။

မိုးမခဝဘ်ဆိုက်မှ ကူးယူဖေါ်ပြသည်။

Recently Commented

  • Thu Rein: Dear Tavoyanvoice, many thanks for publishing it. By the wat, please Let me know the contact to U Nyana...
  • စိုးကိုဦး: အခုတော့ကွန်ကရစ်လမ်းခင်းတော့မှာ တဲ့…ဘိလပ်မြေဖျော်တဲ့စက်ြ ကီးတောင်လာထောင်ထားတယ်.. နွေတက်ရင်ခင်းမယ်လို...
  • Htun Lwin Oo: welcome
  • Htun Lwin Oo: Very good news for our Tavoyan people.

Recently Added

Counter

  • 230This post:
  • 131381Total reads:
  • 17Reads today:
  • 2100Reads per month:
  • 72604Total visitors:
  • 17Visitors today:
  • 1281Visitors per month:
  • 0Visitors currently online:
  • January 1, 2012Counter starts on: