|

ထားဝယ်သား ဗိုလ်မှူးကြီးဗထူး ရာပြည့်ပွဲ ထားဝယ်တွင် စည်ကားစွာ ပြုလုပ်

ဗိုလ်မှူးကြီး ဗထူးရာပြည့်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ၊ ကမြောကင်းရေဆိပ်ကျောင်းတွင် ဇူလိုင်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရာပြည့်ပွဲကို နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ ပူးပေါင်းကာ ရာပြည့်ကော်မတီအဖွဲ့ ဖွဲ့စည်းထားပြီး အခမ်းအနားအစီအစဉ်၊ ဗိုလ်မှူးကြီး ဗထူးကြေးရုပ်သို့ လမ်းလျှောက်ချီတက်ခြင်းနှင့် သံဃာပါး ၁၀၀ အား နေ့လည်ဆွမ်းကျွေး တရားနာခြင်းတို့ ပြုလုပ်ခဲ့သည်။

အခမ်းအနားအစီအစဉ်တွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်မှ အမှာစကားပြောခြင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိစစ်သည် မိသားစုများမှ အလှူငွေပေးအပ်ခြင်း၊ ထားဝယ်တိုင်းရင်းသား ပါတီဥက္ကဌမှ အမှာစကားပြောကြားခြင်း၊ ထားဝယ်ရိုးရာ အိုးစည်အကဖြင့် ဖျော်ဖြေခြင်း၊ ကဗျာဆရာ နေမင်းရာဇာမှ ကဗျာရွတ်ဖတ်ခြင်း နှင့် ဗိုလ်မှူးကြီးဗထူးရာပြည့်မွေးနေ့ကိတ် လှီးခြင်းတို့ ပါဝင်ခဲ့သည်။

ဗိုလ်မှူးကြီး ဗထူးရာပြည့်ပွဲကို ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ထားဝယ် (၄) မြို့နယ်မှ ဒေသခံများ စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထားဝယ်လူမျိုး ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ် ရာပြည့်မော်ကွန်း မဂ္ဂဇင်းထုတ်ဝေရန်အတွက် ဗိုလ်မှူးကြီးဗထူးနှင့်ပတ်သက်သည့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပန်းချီနှင့် ကာတွန်းများကို ရာပြည့်ကော်မတီထံ စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား ပို့ပေးရမည်ဖြစ်ပြီး အဆိုပါမဂ္ဂဇင်းသည် စာမျက်နှာ ၂၂၀ မှ ၂၅၀ ကြား၊ စာအုပ်ရေ ၃၀၀၀ ကို အောက်တိုဘာလအတွင်း ထုတ်ဝေနိုင်ရင် စီစဉ်ထားကြောင်း သိရသည်။

ဗိုလ်မှူးကြီးဗထူးသည် ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က အဘ ဦးဘထွန်း၊ အမိ ဒေါ်စိန်မြရင်တို့မှ လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် တတိယသားဖြစ်သည်။

Recently Commented

  • Thu Rein: Dear Tavoyanvoice, many thanks for publishing it. By the wat, please Let me know the contact to U Nyana...
  • စိုးကိုဦး: အခုတော့ကွန်ကရစ်လမ်းခင်းတော့မှာ တဲ့…ဘိလပ်မြေဖျော်တဲ့စက်ြ ကီးတောင်လာထောင်ထားတယ်.. နွေတက်ရင်ခင်းမယ်လို...
  • Htun Lwin Oo: welcome
  • Htun Lwin Oo: Very good news for our Tavoyan people.

Recently Added

Counter

  • 91This post:
  • 191004Total reads:
  • 173Reads today:
  • 3678Reads per month:
  • 113334Total visitors:
  • 173Visitors today:
  • 3133Visitors per month:
  • 3Visitors currently online:
  • January 1, 2012Counter starts on: